ဒီတစ်ခေါက်တော့ ကျွန်တော်တို့ seo အကြောင်းကို သင်ပေးမှာ ဖြစ်ပါတယ်၊ seo ဆိုတာ ဘာလဲ ဆိုတဲ့ အခြေခံ သဘောတရားကို နားလည်ဖို့အတွက် အရင်ဆုံး အောက်ပါလင့်ခ်တွေမှာ သွားဖတ်ပေးပါ၊ မြန်မာလိုလည်း ဖတ်နိုင်ပါတယ်။
အဲဒီ ပထမအချက်ပေါ်မူတည်ပြီး ရနိုင်တာတွေကတော့ အများကြီးပေါ့၊ နည်းနည်းပြောကြည့်မယ် –
– ခင်ဗျား website များ ကြော်ငြာထည့်ထားတဲ့အတွက် လူဝင်များရင် အဲဒီ ကြော်ငြာကို click လုပ်နိုင်ချေ ပိုများမယ်၊ ကြော်ငြာဆိုတာက click နှိပ်တဲ့ဦးရေပေါ် မူတည်ပြီး ပိုက်ဆံရတာလည်း ရှိတာကိုး၊ အဲဒီတော့ ခင်ဗျား ပိုက်ဆံများများ ရနိုင်မယ်၊
– ခင်ဗျားက ကုန်ပစ္စည်းရောင်းတဲ့ website တင်ထားရင် လူများများဝင်တဲ့အတွက် ခင်ဗျား products တွေ အရောင်းသွက်နိုင်တယ်
– နောက်တစ်ချက်ကတော့ အဲဒီ ပထမအချက်နဲ့ အပြန်အလှန် ချိတ်ဆက်နေလို့ ကျွန်တော် သဘောကျတဲ့အချက်ပေါ့၊ အဲဒါကတော့ ပထမအချက်မှာပြောခဲ့တာက ranking ကောင်းရင် လူများများဝင်မယ် လို့ပြောခဲ့တယ်၊ အခုတစ်ခါ လူများများဝင်ရင်လည်း google က ranking ကောင်းအောင် လုပ်ပေးပါမယ်တဲ့ 🙂 (ဒီတစ်ချက်ကတော့ seo ရဲ့ အဓိက အချက်လို့တောင် ပြောလို့ရပါတယ်၊ ဒီတစ်ချက်ကို ဗျူဟာပေါင်းစုံ၊ ဖြတ်ထိုးဉာဏ် ပေါင်းစုံ သုံးပြီးတော့သာ လုပ်ပေတော့)
– အပေါ်က အချက်တွေအပြင် အခြားသော ကောင်းကျိုးတွေကိုလည်း SEO က ယူလာပေးနိုင်ပါတယ်။
အောက်က ပုံလေးကို တစ်ချက် သေချာကြည့်ပါ။ (ကျယ်ကျယ် ကြည့်နိုင်ဖို့ ပုံပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်ပါ)
ဒီအပေါ်က ပုံမှာ Google ကို အသုံးပြီး “web design” ဆိုတဲ့ keyword ကို အသုံးပြုပြီး ရှာထားပါတယ်။ ဒီပုံမှာ နံပါတ်စဉ်လေးတွေလည်းတပ်ထားပေးပါတယ်။ အမှတ်စဉ် ၁ နဲ့ ၂ က Google ကို ပိုက်ဆံပေးပြီးတော့ ထည့်ထားတဲ့ ကြော်ငြာတွေပါ၊ အမှတ်စဉ် ၁ နဲ့ ၂ နေရာမှာ ခင်ဗျားရဲ့ website ကို ပေါ်စေချင်တယ်ဆိုရင်တော့ ဘာနည်းပညာမှ ခင်ဗျားသုံးဖို့ မလိုပါဘူး သုံးပြီး လုပ်လို့လည်း မရပါဘူး၊ ဒါပေမယ့် Google ကိုတော့ ပိုက်ဆံပေးရလိမ့်မယ်၊ အဲဒီနေရာတွေမှာ ပေါ်အောင်လုပ်တာကို SEO လုပ်တယ်လို့ မခေါ်ပါဘူး၊ ကြော်ငြာထည့်တယ်လို့ခေါ်ပါတယ်၊ အဲဒီအတွက်ကြောင့် နံပါတ် ၁ နဲ့ ၂ ကို Ad search result လို့ ခေါ်ပါတယ်။
နံပါတ် ၃ ကတော့ ကျွန်တော်တို့ နည်းပညာ နဲ့ နည်းဗျူဟာတွေ သုံးပြီး ပေါ်အောင် လုပ်ရတဲ့ အပိုင်းပါပဲ၊ အဲဒါကို organic search result လို့ ခေါ်ပါတယ်။ ဒီ result မှာ နေရာကောင်းကောင်းမှာရောက်အောင် ခင်ဗျားအစွမ်းကုန် ကြိုးစားပေတော့။ ကြိုးစားဖို့ နည်းလမ်းတွေကိုတော့ ဆက်ပါဦးမယ် 🙂
good for business!
အကို ကျွန်တော် ကြားဖူးတာ တစ်ခု၇ှိတယ် ။အဲဒါက ကျွန်တော် website တွေ အပေါ်ေ၇ာက်ဖို.ဆိုတာ ဆိုက်ထဲမှာ ပါတဲ. content တွေပေါ်မှာ အဒိက မူတယ် လို. ပြောတာကို ကြားဖူး တယ် …
နောက်ပြီးတော. ကိုယ်. ဆိုက်က လူကြည်. များ၇င် အလိုလို အပေါ်ေ၇ာက်တယ် လို.ကြားဖူးတယ် အကို … ကျွန်တော် မှားနေ၇င် တစ်ချက်လောက်ပြင်ပေးပါ…
Thanks …
နှစ်ချက်လုံးမှန်ပါတယ်။ ဒါပေမယ့် အဲဒီနှစ်ချက်တည်းနဲ့တော့ မလုံလောက်ပါဘူး။
နောက် post က ဘယ်မှာ လဲ အကို
ကျေးဇူးတင်ပါတယ်