Little About of PHP Programming Language
PHP ဟာ Web Site တေကိုရေးသားတဲ့ Programming Language တစ်မျိုးပါပဲ။ PHP နာမည်ကို နှစ်မျိုးခေါ်ဆိုကြပါတယ်။ ဒါတေက (၁) Personal Home Page (၂) Hypertext Preprocessor ပဲဖြစ်ပါတယ်။ PHPဟာအခြား Computer Programming Language တစ်ခုဖြစ်တဲ C Programming Language ကို အခြေခံပြီး Rasmus Lerdorf က 1994 ခုနှစ်မှာ ဖန်းတီးမှေးထုတ်ခဲ့တာဖြစ်ပါတယ်။ PHP ရဲမျိုးအစား ကတော့ scripting Language ( server-side ) အမျိုးအစားပါ။ PHP က Free and Open Source ရပါတယ်။ PHP ကို Zend Company ကပိုင်ဆိုင်းပါတယ်။ PHPအကြောင်းကို ဒီလောက်ဆို အနည်းငယ်သိလောက်ပြီးလိုထင်ပါတယ်။ ဒီထက်ပိုသိချင်းတယ်ဆိုရင်တော့ Online ရှာဖွေကြည်လိုရပါတယ်။ ( Official Website – www.php.net )
PHP ကိုစတင်ဖို့လိုအပ် သည့် အသိပညာနှင့် ဗဟုသုတများ
- Web Site တွေကိုကြောင်းကို စိတ်ဝင်စားပြီး၊ ကောင်းစွာ အသုံးပြုတက်သူဖြစ်ရပါမယ်။( ကောင်းစွာအသုံးပြုတက်ရမယ် ဆိုတာက Web Site တောင်မသုံးတက်ပဲ နဲ့ Web Site တွေကိုရေးမယ်ဆို သိပ်သဘာဝမကြဘူးထင်လိုပါ)
- HTML နဲ့ CSS ကိုတော့အနည်းငယ်သိတားရပါမယ်။(လေ့လာတဲ့အခါမှာ HTML နဲ့ CSS ကိုပြန်ရှင်းနေတာ့မှာမဟုတ်တာကြောင့်ပါ)။
PHP ကိုစတင်ဖို့လိုအပ်သည့် Software များစာရင်း
1 2 3 |
Web Browser ( Eg. “Firefox” , “Chrome” , “Internet Exploer” , etc ) Web Server (Apache,MySQL,PHP) Text Editor ( notepad,notepad++,Textmate,gedit,sublime ) |
PHP ကိုစတင်ဖို့ Software များတပ်ဆင်ခြင်း
Web Browser
ဒီမှာတော့ ပြန်လည်တပ်ဆင်စရာမလိုလောက်တော့ဘူးလို့ ထင်ပါတယ်။ဘာလိုလဲဆိုတော့ အခု Computer အားလုံးမှာ Web Browser အားလုံးတပ်ဆင်ပြီးသာဖြစ်သော်ကြောင့်ပါ။ Web Browser များစွာရှိပါတယ် ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။
Web Server (Apache,MySQL,PHP)
Web Server တွေလဲအမျိုးရှိပါတယ် ။ Apache,IIS ကြိုက်တာကို သုံးပါ။ ကျွန်တော်ကတော့ Apache ကိုရွေးလိုက်ပါတယ်။ Apache ကိုသွင်းပြီးလိုရှိရင် PHP ကိုစ Run လိုရပြီးလာဆိုရင် မရသေးပါဘူး။ PHP ကို run ဖိုဆို PHP ကိုထက်ပြီး သွင်းရသေးပါတယ်။ ဒါတင်မဟုတ်သေးပါဘူး Database အတှကျ Database Software တဈခုခုထကျသှင်းရပါသေးတယ်။ Database Software တွေများကြီးရှိတယ် ကြိုက်တာကိုရွေးချယ် အသုံးပြုလိုရပါတယ်။ ကျွန်တော်ကတော့ MySql ကိုရွေးလိုက်တယ်။ MySql က PHP အလိုက်ဆုံးဖြစ်လို လူသုံးလဲများတယ် ဒါကြောင့်လေ့လာချင်းရင်လဲ အလွယ်တကူ ရနိုင်တာကြောင့်ပါ။ အခုတော့ ဒါတွေကို တစ်ခုချင်းစီလိုက်သွင်းစရာမလိုတော့ပါဘူး အားလုံးကိုပေါင်းထားတဲ့ Webserver Software တွေရှိနေတာကြောင့်ပါ။ Cross Platform တွေအတွက်လဲအကုန်းရှိပါတယ်။ဒါတွေကတော့
1 2 3 |
WAMP ( Window , Apache ,MySQL ,PHP/Perl) For Windows MAMP ( Mac , Apache, MySQL ,PHP/Perl ) For Mac LAMP ( Linux , Apache ,MySQL ,PHP/Perl) For Linux တို့ပဲဖြစ်ပါတယ်။ |
နောက်တယ် Platform အားလုံးအတွက် နာမယ်တစ်မျိုးတည်းနဲ့ အသုံးပြုလိုရမယ် Webserver Software တစ်မျိုးရှိပါတယ်။သူကတော့ XAMPP (Cross Platform, Apache ,MySQL , PHP/Perl/Python) ပဲဖြစ်ပါတယ်။ installing ကိုတော့ Window နဲ့ Mac အတွက်တော့ မပြတော့ပါဘူး။ ကိုယ်တိုင် ကြိုးစားကြည့်ကြပါ။ Linux မှာဆိုရင်တော့ Ubuntu ထဲကို LAMP ကို install လုပ်တာကိုပြပေးပါမယ်။
LAMP ကို Ubuntu မှာ install လုပ်ပြီး
Ubuntu မှာ install လုပ်နည်းနည်းမျိုးမျိုးရှိတဲအထဲက နှစ်နည်းပြပေးပါမယ်။ကြိုက်တဲ့နည်းကို အသုံးပြု
install လုပ်နိုင်ပါတယ်။ Screenshot နဲ့တော့မပြတော့ပါဘူး။
နည်း – ၁
1 2 3 4 5 |
Terminal (Ctrl + Alt + T) sudo apt-get update sudo apt-get install tasksel sudo tasksel LAMP ကို select လုပ်ပြီး OK ကိုနိုပ်လိုက်ပါ။ |
နည်း – ၂
1 2 3 4 5 |
Terminal (Ctrl + Alt + T) sudo apt-get update sudo apt-get install apache2 sudo apt-get install php5 sudo apt-get install mysql-server |
ဒါဆိုရင်တော့ Webserver local အနေနဲ့ install လုပ်လိုပြီးသွားပါပြီး။
Text Editor
Text Editor တွေကလဲ အများကြီးရှိပါတယ်။ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ ဒီအတွက် ခေါင်းစား စရာမလိုပါဘူး။
CHAPTER – 1
Start of PHP Programming Laguage
ဒီသင်ခန်းစာ မှာတော့ PHP ပြတ်သတ်တဲ့်Rule တွေရယ် မှတ်သာထားရမဲ့ အရာတွေကို ပဲပြောပြီးတော့ PHP Programming Language ကိုစတင့်ရေးသားကြတော့မှာဖြစ်ပါတယ်။
PHP Syntax , Comment and file
PHP Syntax ကယဘေူယျအားဖြင့်တော့ နှစ်မျိုးရှိပါတယ်။ ဒါတွေကတော့ –
-
<?php // code here ?>
-
<? //code here ?> တိုပဲဖြစ်ပါတယ်။
နောက်ထပ် ASP Language( <% //code here %> ) လိုမျိုးနဲ့လဲရေးလိုရပါတယ်။ ဒါပေ့မယ့်သူက Webserver မှာနည်းနည်းသွား ပြောင်းရပါသေးတယ်။ သူကိုတော့ PHP သမား တွေသိပ်အသုံးပြု လေ့မရှိ ပါဘူး။ PHP file တှကေို extension (.php) နဲ့ဆုံးလေ့ရှိပါတယ်။ ဥပမာ – example.php။ အထက်မှာ သုံးထားတဲ့( <?php //code here ?>) ရိုးရှင်းတဲ့ PHP Syntax လတေစ်ခုဖြစ်ပါတယ်။အဲ့ထဲက (//) ဆိုတာကိုတော့ Comment ပါ။ Comment ဆိုတာ တကယ်တန် Program ကို Run တဲ့အခါ အလုပ်မလုပ်အောင် နဲ့ မှတ်ထားစရာတွေရှိရင် မှတ်ထားရအောင် အသုံးပြုပါတယ်။ရေးပုံရေးနည်းလေက မှတ်သာချင်းတဲ့ စာကြောင်းရဲ့အရှေ့ဆုံးမှာdouble backslashes(//) ထဲ့ပေးလိုက်ရင် အဲ့ဒီစာကြောင်းအလုပ်မလုပ်တော့ပါဘူး။ စာကြောင်းတွေ များကြီးကို Comment မှတ်ချင်တယ်ဆုိရင္ေတာ့ (/* write comment here */) ပုံစံနဲရေးလိုရပါတယ်။ ဒီလောက်ဆို PHP ရဲ့ Syntax, Comment နဲ့ file ကိုသိလောက်ပြီးလိုထင်ပါတယ်။ နောက်တစ်ခုမှတ်စရာ ရှိပါသေးတယ် အဲ့ဒါကတော့ PHP ရဲ့ statement အဆုံးတိုင်းမှား semicolon(;) ထဲ့ပေးရပါတယ်။ဥပမာ အနေနဲ့တော့မပြ ရသေးပါဘူး။ရှေးရောက်ရင်တော့ ပြန်ရှင်းပေးပါမယ်။
Using echo function in PHP
Echo function ဟာ PHP ရဲ့ built-in function တဈခုဖြဈပါတယ်။သူကဘာလုပ်ပေလဲဆိုတော့ PHP Programming လူတှကေို output အနေနဲ့ မြင်ရအောင်ပြုလုပ်ပေးပါတယ်။ဒါဆိုရင် ခေါင်းစဉ်ထဲက ကြောင်း အရာတွေနဲ့ အခုခေါင်းစဉ်က အကြောင်းရာတွေပေါင်းပြီး PHP File တစ်ခုလောက်တည်ဆောက် ကြည့် ရအောင်။
ဥပမာ – ၁
1 2 3 4 5 6 7 8 9 10 11 12 13 14 15 |
<?php // one line comment testin /* multi line comment testing second line testing */ echo “PHP Syntax testing and echo function testing”; ?> |
ဒါဆိုရင် PHP ရဲ့ အခြေခံအကြဆုံး code အနည်းငယျကိုရေးလိုပြီးသွားပြီး။PHP file တစ်ခုဖြစ်သွားအောင်ဖန်တီးဖို့ပဲ ကျန်ပါတော့တယ်။ အဲ့ဒါကိုတော့ အောက်မှာ ခေါင်းစဉ် တစ်ခုနေနဲ့ ရေးသွားပါမယ်။
Create PHP file and Location of root dictionary for our webserver ( local )
အရှေးမှာပြထားတဲ့အတိုင်း PHP code တွေကို သင့်ရဲ့ Text Editor မှာရိုက်လိုက်ပါ။ ပြီးရင် start.php ဆိုပြီးကြိုက်တဲ့နေရာမှာ save လိုက်ပါ။ ဒါဆို PHP file တစ်ခုကိုဖန်းတီးလိုပြီးသွားပြီး။ သိုပေမယ့် start.php ဆိုတာက run လိုမရသေးဘူး။ ဘာလိုလဲဆိုတော့ အရှေ့မှာပြောခဲ့အတိုင်း PHP က server-side langauge ဖြစ်လို start.php ကို ကိုယ့် Webserver ရဲ့ root dictionary အောက်ကိုရောက်အောင်ရွေ့ပေးရပါမယ်။
Webserver ရဲ့ root dictionary ဟာ server တစ်ခုနဲ့တစ်ခု မတူတက်ပါဘူး။ အခု ရှေးမှာပြောခဲ့တဲ့ Webserver မြားရဲ့ root dictionary နေရာတွေကိုပြောပြပါမယ်။ WAMP ကိုသုံးတဲ့သူတွေဆို C:wampwww ဖြစ်ပါတယ်။ MAMP ကိုသုံးတဲ့သူတွေတော့မသိပါဘူး(တစ်ခါမှမသုံးဘူးလို)။ LAMP ကိုသုံးတဲ့သူ တွေဆို /var/www ဖြစ်ပါတယ်(linux နဲ့ file system အရ အဲ့နေရာမှာ file ကို normal user အနနေဲ့ file တွေ manage ကောင်းကောင်းလုပ်လိုရမှာမဟုတ်ပါဘူး။ဥပမာ – file ဆောက်လိုမရဘူး၊ ဖြတ်လိုမရဘူး၊ ပေါ့ root account နဲ့မှ ရပါလိမ့်မယ်)။
Webserver ရဲ့ root dictionary ကိုသိသွားပြီးဆိုရင်တော့ အဲ့အထဲ ကိုခုနက တည်ဆောက်ထားတဲ့ PHP file လေ start.php ကို root dictionary အောက်ကိုရောက်သွားအောင်ရွေ့လိုက်ပါ။
ပြီးသွားပြီဆိုလျှင် ကိုယ်သွင်းထားတဲ့ webserver ကို start လုပ်လိုက်ပါ။ ပွီးရင်Web Browser ကို ဖွင့်ပါ။ ထို့နောက် address bar မှာ ( localhost/start.php ) ဆိုပြီးခေါ်လိုက်ပါ။ Web Browser မှာ ( PHP Syntax testing and echo function testing ) ကွင်းစ ကွင်းပိတ် စာတန်းလေပေါ်နေပြီးဆို PHP ရဲ့ အခြေခံအကျဆုံး program တစ်ခုဖန်းတီးလိုပြီးသွားပြီး။ နောက်ထပ် ရှေ့ကို ပိုင်းပိုင်းနိုင်နိုင်နဲ့သွားခြင်းတယ်ဆိုရင် အခုပြီးသည့်ထိကို နားလည်းပြီး သေခြာသဘောပေါက်နေမှရပါမယ်။ ဒါမှရှေ့မှာအခက်မရှိဘဲနဲ့ PHP Programmer တစ်ယောက်ဖြစ်ဖို့ ဆက်လေ့လာလိုရမှာပါ ။
(Enjoy Code)
ကျေးဇူးတင်ပါတယ် အကို..ဒီထက်မက အောင်မြင်ပါစေ…သင်ခန်းစာကိုကြည့်တာ နားလည်ပါတယ်….နောက်ထပ်သင်ခန်းစာတွေကလည်း စောင့်မျှော်နေပါတယ်….
ကျေးဇူးတင်ပါတယ် အစ်ကို
အရာရာ အဆင်ပြေပါစေ
ညီက ရွာက ဆိုတော့
အစ်ကို တင်သမျှ မမှီတာရယ်
လိုင်းကလဲ အဆင်မပြေတာရယ်တွေ ကြောင့်
အစ်ကို Pdf ထုတ်ရင် တင်ပေးပါအုံးနော်
လေးစားကျေးဇူးတင်လျှက်
အရမ်း ကျေးဇူးတင် ပါတယ် ဆက်ပြီးတင်ပေးပါဦးဗျ
Wedmaster ဖစ်ဖို့အတွက်ဆိုရင်
English speaking တက်ထားသင့်တယ်လို့ထင်တယ် တတ်ထားတော့
Wedsite အကြောင်းလေ့လာတဲ့နေရာမှာ နားလည်ရလွယ်ကူပီး
အထောက်ကူပြုမယ်ထင်တယ် ကျွန်တော်က အသက်17 ပါ ကျွန်တော်စိတ်ဝင်စားတဲ့ IT
ပိုင်းကို ကျွမ်းကျင်အောင်
အခုထဲ Eng speaking
သင်တန်းတင်ပီး IT ပိုင်းကို
လေ့မယ်ဆိုရင် ပိုအထောက်ကူပြုမယ်ထင်လို့ထင်ပါတယ်။
ဆရာ့အနေနဲ့ ကျွန်တော့်ကို
Wedsite ရေးတဲ့အပိုင်းကိုကျွမ်းကျင်တဲ့သူအဖစ်လမ်းညွန်ပေးနိုင်မယ်ထင်လို့ပါ
အားကိုးပါတယ်ဆရာ။
ဆရာ့ရဲ့ သင်ခန်းသစ်တွေကိုလဲစောင့်မျှော်နေပါတယ်။
ကျွန်တော်တို့လို လူငယ်တွေအတွက်လဲ
နောက်ထပ် အသစ်ဆန်းသင်ခန်းစာတွေ
တင်နိုင်ပါစေ ဆရာ
ကျေးဇူးတင်ပါတယ် ဆရာ။
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
Thanks, a lot